ကိုယ့်စက်က ဖိုင်တွေကို USB Drives နဲ့ကူးယူလို့မရအောင် လုပ်ကြမယ်

ကိုယ့်စက်ထဲက ဒေတာတွေကို သူများတွေ USB Drives နဲ့ကူးယူမသွားစေချင်ဘူးဗျာ။
အဲ့ဒါဆိုရင် USB Drives နဲ့ ကော်ပီကူးလို့မရအောင် Registry ထဲမှာပြင်ထားလို့ရပါတယ်။

Start –> Run >> regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ ဒီလမ်းကြောင်းအတိုင်းသွားလိုက်ပါနော်

“HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control” 

အဲ့ရောက်ရင် ဒီပုံထဲကလို key အသစ်တခုဖန်တီးလိုက်ပါ

 
အဲ့မှာ New Key #1 ဆိုပြီးပေါ်လာပါလိမ့်မယ် အဲဒါကို  StorageDevicePolicies လို့ နာမည်ပေးလိုက်ပါ

StorageDevicePolicies ကို ရွေးခြယ်လိုက်ပြီး DWORD (32-bit) Value ကိုထက်ပြီး ဖန်တီးလိုက်ပါအုံး 


 
နောက်ထက်ပုံနဲ့မပြတော့ဘူးနော် ပုံထဲကလို လုပ်လိုက်ရင် DWORD (32-bit) ဆိုတာက ပေါ်လာလိမ့်မယ်နော် အဲ့ဒါကို WriteProtect လို့ နာမည်ပြောင်းပေးလိုက်ပါ ပြောင်းလို့ပြီးရင် အဲ့ဒီ WriteProtect ရဲ့တန်ဖိုးကို " 1 " လို့ပြောင်းပေးလိုက်ပါ။ ဘယ်လိုပြောင်းတာလဲ ဆိုရင် WriteProtect ကို နှစ်ချက်နှိပ်ပြီးတော့ (1) လို့ပေးလိုက်ယုံပါပဲ။

ပြီးရင် Registry Editor ကိုပိတ်လိုက်ပါ။ တခါတရံ ကိုယ်ပြောင်းထားတဲ့ setting
အလုပ်လုပ်ဖို့ computer ကို restart ချပေးဖို့လိုပါတယ်။


စက်ပြန်တက်လာတဲ့အခါ သင့်စက်ထဲက ဘယ်ဖိုင်ကိုမှ USB Drives

နဲ့ကူးယူလို့မရတော့ပါဘူး  ကူးလိုက်ရင် error message တက်ပါလိမ့်မယ်။
 ဒီနည်းကို Window XP SP 2 မှ Vista
အထိသုံးလို့ရပါတယ်။ ဒါပေမဲ့ ဖိုင်ကူးမဲ့လူက administrator status
ရထားရင်တော့ ဒီ setting ကိုအလွယ်တကူပြန်ပြင်လို့ရပါတယ်။
 

မှတ်ချက်။ ။ Registry တွင် ဝင်ရောက်ပြင်ဆင်ချင်းမှာ မှားလုပ်မိလျှင် Windows
မတက်သည်အထိ ဖြစ်တတ်သောကြောင့် မကျွမ်းကျင်သူဖြစ်ပါက Registry ကို ကြိုတင်၍
backup လုပ်ထားရန်လိုအပ်ပါသည်။  

0 comments

Tambahkan Komentar Anda